အမေး/အဖြေ (၂)
အမေး/အဖြေ ကဏ္ဍ (၁)ထဲမှာ မေးခွန်းတွေများလွန်းလို့လားမသိဘူး။ ၀င်လိုက်တဲ့အခါတိုင်း Page အဆုံးထိ မပေါ်တဲ့ ပြဿနာ ရှိနေပါတယ်။ ဒါကြောင့် တစ်ချို့မှာ မေးလို့မရဘူး ဖြစ်နေပါတယ်။ ဒါကြောင့် Page Loading ပေါ့သွားအောင် အပိုင်း (၂)ဆိုပြီး အသစ်ဖွင့်ပေးလိုက်ပါတယ်။ အဲဒီထဲမှာ ၀င်မေးကြပါ။
![]()

ကိုယ့်ဆီကို လာဖတ်တဲ့ ပရိတ်သတ်တွေရဲ့ အခက်အခဲ ပြဿနာတွေကို ကိုယ်တတ်တဲ့ ပညာနဲ့ ကူညီနိုင်အောင် ဒီကဏ္ဍလေးကို ဖွင့်ပေးခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် မေးလာသူတွေ အတော်များများဟာ စည်းကမ်း သတ်မှတ်ထားတွေကို လုံးဝတောင် ဖတ်မကြည့်ဘဲ ကိုယ်မေးချင်ရာကိုသာ စွတ်မေးနေကြတာကို တွေ့ရပါတယ်။ ဒီနေရာဟာ တကယ် အခက်အခဲ ကြုံနေ သူတွေအတွက် ပြဿနာဖြေရှင်းပေးနေတဲ့ နေရာပါ။ “အထွေထွေ ဟောစာတမ်း ” “ဘ၀တစ်သက်စာ ဟောစာတမ်း” ထုတ်ပေးနေတဲ့ နေရာမဟုတ်ပါဘူး။ ဒါကြောင့် ယေဘူယဆန်လွန်းတဲ့ “ကျွန်တော့်/ကျွန်မ ရဲ့ ကံဇာတာလေး ကြည့်ပေးပါတို့၊ “ရှေ့ဖြစ်ကလေး ဟောပေးပါ” တို့ ဆိုတဲ့ မေးခွန်းတွေကို လုံးဝ ဖြေပေးမှာ မဟုတ်ပါဘူး။ တိတိကျကျ မေးထားပြီး အချက်အလက် ပြည့်စုံတဲ့ မေးခွန်းတွေကိုသာ ဖြေပေးမှာပါ။
လိုအပ်တဲ့ အချက်အလက်တွေကတော့ –
(A) မိမိ သိလိုသော မေးခွန်းအကြောင်းအရာ တစ်ခု။ တစ်ကြိမ်မှာ မေးခွန်းအမျိုးအစား တစ်ခုသာ မေးပါ။ နောက်မေးစရာ ရှိတာတွေ နောက်ရက် တွေမှာ ဆက်မေးပါ။ ခဏခဏ မေးလို့ စိတ်မဆိုးပါဘူး။ မေးခွန်း အမျိုးအစားတွေ အများကြီးမေးထားလို့ ဆရာဖြေမပေးရင် နောက်မှ အပြစ် မတင်ကြပါနဲ့။ အချစ်ရေး အိမ်ထောင်ရေး ဆိုလည်း အချစ်ရေးအိမ်ထောင်ရေး၊ အလုပ်အကိုင် ကိစ္စ ဆိုရင်လည်း အလုပ်အကိုင် ကိစ္စ ၊ ပညာရေးဆိုရင်လည်း ပညာရေး၊ ကျန်းမာရေး ဆိုရင်လည်း ကျန်းမာရေး ပေါ့။ သီးခြားခွဲမေးပါ။ ရောကော သောကော မမေးပါနဲ့။
(B) မွေးသက္ကရာဇ် ရက်/လ/ခုနှစ်/နေ့သားသမီး ကို “အင်္ဂလိပ်လို” ဘဲ ပေးပါ။ မြန်မာ ခုနှစ်တွေက လဆန်း/လဆုတ်တွေ မှန်မမှန် နှစ်တရာ ပြက္ခဒိန်နဲ့ တိုက်ကြည့်နေရလို့ အချိန်ကုန်ပါတယ်။ အထူးသဖြင့် ကိုယ်ဘာနေ့ သားသမီးဆိုတာ ထည့်ပေးပါ။ (ကိုယ့် ချစ်သူ/အိမ်ထောင်ဘက် ပါရင်လည်း ဒီလိုဘဲ စုံစုံလင်လင် ထည့်ပေးပါ။
(C) နံပါတ် (၁) ကနေ (၁၀၈) အတွင်း မိမိ စိတ်ထဲမှာ လျှပ်တပျက် ပေါ်လာသော ဂဏန်းတစ်ခု။ (ကြိုက်ခြင်းမကြိုက်ခြင်းက အရေးမကြီးပါ)။ ဒီဂဏန်းဟာ “ဟူးရား” နည်းစနစ်နဲ့ ဟောမှာမို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်ဟာကိုယ် စဉ်းစားဖို့ခက်ရင် ဒီဆော့ဝဲလ်လေးကို Download လုပ်ပြီး ဂဏန်းရှာကြည့်ပါ။
(D) မေးခွန်းတွေကို အတတ်နိုင်ဆုံး မြန်မာလိုဘဲ ရေးပါ။ မြန်မာလို ဘယ်လိုမှ မရိုက်တတ်ရင်လည်း အင်္ဂလိပ်စာ စစ်စစ်နဲ့ မေးပါ။ မြန်မာအသံထွက် ကို အင်္ဂလိပ်စာနဲ့ ပေါင်းရေးတာမျိုးကတော့ ကျွန်တော်မျိုး မဖတ်တတ်ပါ။
အထက်ပါ (A) (B) (C) (D) အချက်တွေနဲ့ မကိုက်ညီတဲ့ မွေးခွန်းတွေကိုတော့ ဆရာ့အနေနဲ့ လုံးဝဖြေပေးမှာ မဟုတ်ပါ။ အဲဒီကျမှ စိတ်မဆိုးကြပါနဲ့။ ဆရာလည်း မေးတဲ့လူတွေက အရေးမပါတာတွေ၊ ပေါက်တတ်ကရတွေ၊ အချက်အလက် မစုံလင်တာတွေ မေးကြလွန်းလို့ ဒီလို စည်းကမ်းချက်တွေ သတ်မှတ် ရတာပါ။ အစောပိုင်းကတည်းက စည်းကမ်းချက်တွေ ရှိပြီးသားပါ။ ဒါပေမယ့် လေးလေးစားစား မဖတ်ကြပါဘူး။ ကြာတော့ ဆရာလည်း အလုပ်ကို လူက မနိုင်တော့ပါဘူး။ ဗေဒင်မေးရတာ လွယ်သလောက် တွက်ရတာ မလွယ်ပါဘူး။ တစ်ချို့မေးခွန်းတွေကတော့ (၅)မိနစ် (၁၀)မိနစ်လောက် ကြာပေမယ့် တစ်ချို့မေးခွန်းမျိုးကျတော့ သူ့တစ်ခုတည်းကို နာရီဝက်လောက် အချိန်ယူရတာလည်း ရှိပါတယ်။ ခေါင်းပူအောင် စဉ်းစားရပါတယ်။ ကိုယ်ခြင်းစာ ပေးကြပါ။
ကြီးကျယ်တယ်လို့တော့ အထင်မလွဲကြစေချင်ပါဘူး။ ဆရာ့မှာ ဟောပေးချင်တဲ့ စိတ်သာ မရှိရင် ဒီ အမေးအဖြေ ကဏ္ဍကို ဖွင့်ပေးမှာတောင် မဟုတ်ပါဘူး။ နားလည်ပေးကြပါ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
ဝင်ရောက်ဖတ်ရှုသူပေါင်း=1310Date: December 20, 2009