Wednesday, 8 of September of 2010

Tag » မြန်မာ့ရိုးရာဗေဒင်

# စက်တင်ဘာလအတွက် (၇)နေ့ ဗေဒင်

.

ယခုလ (စက်တင်ဘာလ) ဟာလည်း ယခင်လ (သြဂုတ်လ) လို (၇)ရက်သားသမီးများအတွက် ကောင်းအား/ဆိုးအား ပြင်းထန်နိုင်တဲ့ လ, တစ်လ ဆက်ဖြစ်နေဖွယ်ရာ ရှိပါတယ်။ ပြီးခဲ့တဲ့လက သသာဝဘေးဥပဒ် အတော်များများ ကြုံတွေ့ဖွယ်ရှိတာကို တွေ့ရပေမယ့် ဘယ်နိုင်ငံဖြစ်မယ်ဆိုတာကို မခန့်မှန်းနိုင်ခဲ့ပါဘူး။  ကံကောင်းထောက်မစွာ မြန်မာနိုင်ငံ လွတ်သွားတာကို တွေ့ရပါတယ်။ ဒီလမှာလည်း သဘာဝဘေးဥပဒ်တွေ ဆက်ပြီး လာနိုင် ပါသေးတယ်။  ဘယ်နိုင်ငံလည်းတော့ မသိသေးပါ။

ယခု လ, မှာ (၇)ရက် သားသမီးများအနက် – စနေ ၊ ဗုဒ္ဓဟူး (ရာဟု) ၊ ကြာသပတေး သားသမီးများ ကံဇာတာ အထူးညံ့ဖွယ် ရှိပြီး  တနင်္ဂနွေ  ၊ တနင်္လာ၊ အင်္ဂါ နှင့် သောကြာ သားသမီးများ ကံဇာတာ တိုးတက်ကောင်းမွန်ဖွယ် ရှိပါတယ်။ တနင်္လာ သားသမီး အချို့မှာ ထိခိုက်ရှနာမှု ၊ Accident ၊ အသေးစား ခွဲစိတ် ကုသခံရမှုများ ရှိနိုင်ပါတယ်။

ကဲ- ထုံးစံအတိုင်း အသေးစိတ် အဟောလေးတွေ ဖတ်ကြည့်ကြရအောင်လား ။

Read more »

ဝင်ရောက်ဖတ်ရှုသူပေါင်း=5436
  • Share/Bookmark

10 comments

# တိုင် အတိတ် / တိုင် နိမိတ်

.
ဒီ ပို့စ်လေးကတော့ သူ့ရှေ့က “ကောလာဟလ” ဆောင်းပါးလေးရဲ့ “အဆက်” လို့ ပြောနိုင်ပါတယ်။ ဗေဒင်ပညာကို ပေါ့ပေါ့ပါးပါး လေ့လာနေကြသူများအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။

“ကောလာဟလ” ဆောင်းပါးမှာ နေ့တစ်နေ့ခြင်းစီအတွက် အင်္ဂ၀ိဇ္ဇာတိုင်စဉ် (၇)ခု ဇယားလေးကို ပြထားပါတယ်။ သတင်းစကား တစ်ခုကို ကြားလိုက်တဲ့အချိန်မှာ အဲဒီအချိန်နာရီမှာ ကျရောက်နေတဲ့ “အခါတိုင်” အပေါ်မှာ လိုက်ပြီး “တိုင်အတိတ်/တိုင်နိမိတ်” ဆိုတာ ရှိပါတယ်။

ကိုယ်ကြားလိုက်ရတဲ့ သတင်းစကား (ကောလာဟလ)ဟာ အဲဒီအချိန်တိုင်ရဲ့ “အဓိပ္ပါယ်ဖွင့်ဆိုချက်” တွေနဲ့ ကိုက်ညီနေရင် ဒါဟာ “နိမိတ်” မှန်နေပြီ (တနည်း) “ဆန်း” ၀င်နေပြီလို့ ပြောလို့ရပါတယ်။ ဒီလို နိမိတ်မှန် / ဆန်းမှန် နေရင် ဒီသတင်း စကား ဟုတ်၏ / မဟုတ်၏ ကို တွက်ချက်ရာမှာ မှန်ကန်တဲ့ အဖြေကို ပိုပြီး ရနိုင်ပါတယ်။

.

ရှေ့က ဆောင်းပါးဖြစ်တဲ့“ကောလာဟလ”မှာ သင်္ကြန်အကြတ်နေ့က “ဗုံးပေါက်ကွဲမှု” သတင်းကို မှန်/မမှန် ဆုံးဖြတ်တဲ့ နမူနာလေးကို ပြထားပါတယ်။ အဲဒီအချိန်က ညနေ (၃)နာရီ ခွဲ ဖြစ်လေတော့ “စနေအခါ/စနေတိုင်” ကို ရပါတယ်။ “စနေတိုင်” ရဲ့ တိုင်အတိတ်/ တိုင်နိမိတ် ကလည်း “ထောင်၊ ဆေးရုံ၊ သုဿာန်၊ တရားရုံး” စသည်များနှင့် ပတ်သတ်နေလို့ လက်ရှိအဖြစ်အပျက်နဲ့ ကိုက်ညီပြီး “ဆန်း” ၀င်နေတာကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ချနိုင်ခဲ့ပါတယ်။

ဒါကြောင့် “အင်္ဂ၀ိဇ္ဇာဗေဒင်ပညာ” ကို လေ့လာခါစ, သူများ အထောက်အကူရနိုင်အောင် “အင်္ဂ၀ိဇ္ဇာတိုင်” တစ်ခုခြင်းစီရဲ့ “တိုင် အတိတ်/တိုင် နိမိတ်” များကို တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြရအောင်။

Read more »

ဝင်ရောက်ဖတ်ရှုသူပေါင်း=2196
  • Share/Bookmark

10 comments

# ကောလာဟလ

.

မိတ်ဆွေ ၊ ကျွန်တော်တို့ရဲ့ လူနေမှုဘ၀ထဲမှာ နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ အများကြီးရှိပါတယ်။ နံနက်မိုးသောက် အိပ်ယာထ ကတည်းက ညဖက် အိပ်ချိန်ထိအောင် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ အနည်းနဲ့အများ ဆိုသလို ရှိနေတာပါ။ အိမ်မှာ မိသားစုနဲ့ စကားပြောပေါက် မတည့်တာတွေ၊ ရုံးသွားချိန်မှီအောင် ကြိုးစားလုပ်ရတာတွေ၊ ဘတ်စ်ကား နောက်ကျတာတွေ၊ Traffic Jam ဖြစ်နေတာတွေ၊ အလုပ်ခွင်မှာ အထက်လူကြီး အဆူခံရတာတွေ၊ ကိုယ့်အပေါ် မကြည်မလင်ဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရတာတွေ၊ ရပ်ဝေးမှာ ရောက်နေတဲ့ မိဘတွေ / သားသမီးတွေရဲ့ ကျန်းမာရေးကို လှမ်းပြီး ပူပင်ရတာတွေ . . . စတဲ့ စတဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ စိတ်သောက Stress တွေကို နေ့စဉ်နဲ့ အမျှ ရင်ဆိုင် ဖြေရှင်းနေရတာပါ။

ဒီလို ကိုယ့်ကိစ္စနဲ့ကိုယ် စိတ်သောက များရတဲ့အထဲမှာ မကြာမကြာဆိုသလို ပေါ်လာတတ်တဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စ တစ်ခုကလည်း ရှိပါသေးတယ်။ အဲဒါကတော့ အများသိကြတဲ့ “ကောလာဟလ” ပါ။ (အများစုကတော့ “ကောလဟာလ” လို့ ပြောကြ ရေးကြပါတယ်။ ဒါပေမယ့် “သတ်ပုံ” အမှန်က “ကောလာဟလ” ဖြစ်ပါတယ်)

Read more »

ဝင်ရောက်ဖတ်ရှုသူပေါင်း=2230
  • Share/Bookmark

11 comments

# အိပ်မက် . . (၂)

.

မိတ်ဆွေ ၊ ကျွန်တော်တို့ မနေ့က ဆွေးနွေးခဲ့တဲ့ “အိပ်မက်” . . (၁)ရဲ့ အဆက် အိပ်မက် . . (၂) ကို ဆက်ပြီး ဆွေးနွေး ကြရအောင်လား။

.

အိပ်မက်ဟာ လူသားတွေနဲ့ နာမ်လောကက ပုဂ္ဂိုလ်တွေ ဆက်သွယ်လို့ရတဲ့ နေရာတစ်ခုဖြစ်နိုင်တယ် ဆိုတဲ့ ကိစ္စကို ဆွေးနွေး ချင်ပါတယ်။ လူအတော်များများမှာ ဒီလို အတွေ့အကြုံမျိုး ရှိတတ်ကြပါတယ်။ ဘာလဲ ဆိုတော့ “ကွယ်လွန်သွားပြီးတဲ့” အဖိုးအဖွား၊ အမိ, အဘ ဆွေမျိုးတွေ ကိုယ့်ထံမှာ လာပြီး နေချင်တယ်လို့ အိပ်မက်ပေးပြီး သိပ်မကြာခင်မှာ ကိုယ်ဝန်ရှိ လာတာမျိုး တစ်ချို့မှာ ကြုံဘူးကြပါလိမ့်မယ်။

.

ကျွန်တော့်ရဲ့ ဒုတိယ သမီးဖြစ်သူကို မမွေးခင်မှာ ဒီလို အတွေ့အကြုံ ရှိခဲ့ဘူးပါတယ်။ ကျွန်တော်နဲ့ အလွန်ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းတစ်ဦးဖြစ်သူရဲ့ မိခင် ဖြစ်သူဟာ “အဆုတ်ကင်ဆာ” နဲ့ ကွယ်လွန်သွားပြီး လ, အနည်းငယ်အကြာမှာ ကျွန်တော် အိပ်မက် မက်ပါတယ်။ အိပ်မက်ထဲမှာ သူငယ်ချင်းရဲ့ မိခင်ဟာ အိမ်ကိုရောက်လာပြီး “သူ” ဒီအိမ်မှာ နေချင်ကြောင်း ၊ နေလို့ ရမလား ဆိုပြီး မေးပါတယ်။

Read more »

ဝင်ရောက်ဖတ်ရှုသူပေါင်း=2150
  • Share/Bookmark

19 comments

# အိပ်မက် . . (၁)

မိတ်ဆွေ ၊ “အိပ်မက်” ဆိုတာကို ဘယ်လို နားလည်ပါသလဲ ? ဘယ်လို ထင်မြင်ယူဆပါသလဲ ? ၊  ယနေ့ ဒီဘာသာရပ် ကလေးကို ကျွန်တော်တို့ ဆွေးနွေး ကြည့်ကြရအောင်။

.

တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေ ပြီးဆုံးတဲ့ အခါ လူတွေဟာ “အနားယူဖို့” အိပ်စက်ကြရပါတယ်။ ဒါဟာ တမင်တကာ လုပ်ယူစရာမလိုတဲ့ “သဘာဝဖြစ်စဉ်” တစ်ခုပါ။ သဘာဝ တရားကြီးဟာ “နေ့” နဲ့ “ည” ဆိုပြီး ဖန်တီးပေးထားပြီး နေ့ဘက်မှာ ၀မ်းစာရှာဖို့ ၊ ညဖက်မှာ အနားယူဖို့ ဖန်တီးပေးထားပါတယ်။ နေ့ဘက်မှာ အိပ်စက်ပြီး ညဘက်မှာ ၀မ်းစာရှာတဲ့ သတ္တ၀ါ အနည်းငယ် လည်း ရှိပါတယ်။ ဒါပေမယ့် “လူသား” အပါအ၀င် သတ္တ၀ါ အတော်များများကတော့ “ည” ဆိုတာ အိပ်စက် အနားယူ ဖို့ပါ။

.

ဒီနေရာမှာ ညဖက်ကိုရောက်ရင်ူကသာ အိပ်စက်ခြင်းနဲ့ အနားယူလိုက်ပေမယ့် “စိတ်” ကတော့ အနားမယူပါဘူး။ အိပ်စက်နေခြင်းမှာ “အိပ်မက်” ဆိုတဲ့ ဖြစ်စဉ်တစ်ခုနဲ့ “စိတ်” ဟာ ဆက်ပြီး အလုပ်လုပ်ပါတယ်။ဗုဒ္ဓဒဿန” မှာတော့ ဒီ စိတ်ကို “ဘ၀င်စိတ်” လို့ ခေါ်ပါတယ်။ အိပ်ပျော်နေစဉ်မှာ ဖြစ်တဲ့ စိတ်ပါ။

.

“အိပ်မက်”ဟာ လူသားတိုင်းနဲ့ မကင်းနိုင်တဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့် ယနေ့အချိန်အထိ “အိပ်မက်” အကြောင်းကို ဘယ်ပညာရှင်၊ ဘယ်ဘာသာရပ်ကမှ “ဘာလဲဆိုတာ” ကို အတိအကျ မပြောနိုင်ကြသေးပါဘူး။ ယနေ့အချိန်အထိ လေ့လာဆဲ ၊ စူးစမ်းဆဲ ကိစ္စတစ်ခု ဖြစ်နေပါသေးတယ်။ အဖြေရှာလို့ မရတဲ့ ပဟေဠိတစ်ပုဒ်လို ဖြစ်နေပါသေးတယ်။

Read more »

ဝင်ရောက်ဖတ်ရှုသူပေါင်း=11558
  • Share/Bookmark

36 comments

# သြဂုတ်လအတွက် (၇)နေ့ ဗေဒင်

.

၂၀၁၀ ခုနှစ် သြဂုတ်လအတွက် (၇)ရက် သားသမီးကံကြမ္မာကို တွက်ချက်ရာမှာ (၃)ထပ် မဟာဘုတ်ခွင်မှာ “နှစ်,ခွင်” နဲ့ “နေ့,ခွင်” ထပ်နေပြီး အင်္ဂါဂြိုဟ် နဲ့ စနေဂြိုဟ် “ထပ်” နေတဲ့အတွက် (၇) ရက်သားသမီးများအတွက် ကောင်းအား/ဆိုးအား ပြင်းထန်မယ့် လ, တစ်လ ဖြစ်နိုင်ဖွယ် ရှိပါတယ်။ မတော်တဆ ထိခိုက်မှုများ၊ လေယာဉ် ၊ ရထား ၊ သင်္ဘော ၊ လူစီးဘတ်စ် . . စတဲ့ လူအများအပြား စီးနင်းတဲ့ ယာဉ်တွေ Accident များစွာ ဖြစ်နိုင်ချေ ရှိပါတယ်။ ပေါက်ကွဲမှုများ၊ သွေးထွက်သံယိုမှုများ အဖြစ်များနိုင်ဖွယ်ရှိလို့ ဒီ လ, ထဲမှာ လူစုလူဝေး၊ လူအများစုဝေးတဲ့ နေရာတွေကို ရှောင်ပါလို့ (စိတ်ကောင်း စေတနာကောင်းနဲ့) သတိပေးချင်ပါတယ်။ “ဖြစ်ကို ဖြစ်ရမယ်” လို့ “အပ်ချမတ်ချ” မပြောနိုင်ပေမယ့် ဖြစ်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေ များလို့ပါ။ သဘာဝ ဘေးဥပဒ် များလည်း (အခြားလ,များထက်) ပိုမို ကျရောက်ဖွယ် ရှိပါတယ်။

ဒီလ, မှာ (၇)ရက် သားသမီးများအနက် အင်္ဂါ၊ စနေ၊ တနင်္ဂနွေ သားသမီးများ ကံဇာတာ ညံ့နိုင်ပါတယ်။ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သားသမီးများ ကံဇာတာ ထူးခြားတိုးတက်ဖွယ် ရှိပါတယ်။ တနင်္လာ သားသမီးကတော့ ကံဇာတာ အလယ်အလတ်လောက် ရှိပါတယ်။ အသေးစိတ်ကို ကြည့်ကြရအောင်လား။

Read more »

ဝင်ရောက်ဖတ်ရှုသူပေါင်း=8478
  • Share/Bookmark

20 comments

# ကျမ်းလျှောက်လျှင် မဆုံး၊ ကျမ်းပေါက်လျှင် တစ်လုံး

အခုတစ်လော ဗေဒင်ပညာဆိုင်ရာ ဘလော့ဂ် “ဈေးတန်း” လေးထဲမှာ ပွက်ညံပွက်ညံ နဲ့ ပွဲဆူနေတာကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒီပွဲဈေးတန်းလေး ထဲမှာ “အသက်အကြီးဆုံး” ဖြစ်တော့ ဘယ်သူက မှားတယ်/ဘယ်သူက မှန်တယ် ဆိုတာ ၀င်ငြင်းစရာ အကြောင်း မရှိပါဘူး။  ၀င်ခြင်းဝင်ရင် လူကြီး တစ်ယောက်အနေနဲ့ ၀င်ပြီးဖြန်ဖြေဖို့သာ ရှိပါတယ်။ အားလုံးကို ပြောချင်တာက သင့်မြတ်ကြပါဗျာ။ လူကဲ့ရဲ့စရာ ဖြစ်နေပါဦးမယ်။ တစ်ခါက ကျွန်တော့်ကို “ကိုတေးအေးရိပ်” ပြောခဲ့ဘူးတဲ့ စကားလေး တစ်ခုကို ပြန်ပြောရဦးမယ်။

.

အဲဒီ ရက်ပိုင်းတွေက ဘလော့တွေထဲမှာ ညစ်ညစ်ညမ်းညမ်း လျှောက်ဆဲနေတဲ့ ကိစ္စလေး တစ်ခု ဖြစ်ပွားနေချိန်ကပေါ့။ (ကိုဝေသာလီရဲ့ ဆိုဒ်ထဲမှာပါ)။ ကျွန်တော်လည်း ကြိုတင် ကာကွယ်တဲ့ အနေနဲ့ C-box ကို ဖြုတ်ချလိုက်တယ်။ ကြောက်လို့တော့ မဟုတ်ဘူး။ ဒီ စကားလုံးတွေကို “မမြင်ဝံ့၊ မကြားဝံ့” လို့ပါ။ ဒီဝက်ဘ်ပေါ်မှာ ကျွန်တော်တို့ ယောင်္ကျားလေးတွေချည်းဘဲ ရှိတာမဟုတ်ဘူးလေ။ မိန်းကလေး တွေလည်း အများကြီးမဟုတ်လား။ ဒါကြောင့်ပါ။ သမီးချင်း၊ နှမချင်း စာနာစိတ်နဲ့ပါ။

.

ကိုတေးအေးရိပ်လည်း C-box ကို မဖြုတ်ပေမယ့် သံသယဖြစ်ဖွယ်ရှိတဲ့ Proxy တွေကို Ban လိုက်တယ်နဲ့ တူတယ်။ ကျွန်တော်က သူ့ C-box ထဲကို (ခါတိုင်းလိုဘဲ) ၀င်ရေးတော့ ကျွန်တော့်ကို Ban ထားတာ ခံလိုက်ရတယ်။ ကျွန်တော် တော်တော် ဒေါသထွက်သွားတယ်ဗျ။ ဘယ်နှယ့်ဗျာ – ဒီလို ညစ်ညစ် ညမ်းညမ်း အဓိပ္ပါယ်မရှိ လိုက်ဆဲနေတဲ့လူလို့  သံသယ ဖြစ်ဖွယ်စာရင်းထဲမှာ ကျွန်တော်လို လူမျိုး ပါသင့်သလားပေါ့။ ဒေါသထွက်လိုက်တာလေ။ ကျွန်တော် ဆိုတဲ့ အကောင်ကလည်း အသက်သာ ကြီးလာတာ “ထစ်ကနဲ” ဆို ဒေါသ အင်မတန်ထွက်လွယ်တဲ့ လူမျိုးခင်ဗျ။ ဘာရမလဲ။ အီးမေးလ် နဲ့ စာရေးပြီး တေးအေးရိပ်ကို ချဲတော့တာပေါ့။

Read more »

ဝင်ရောက်ဖတ်ရှုသူပေါင်း=2140
  • Share/Bookmark

14 comments

Tweeter button Facebook button Technorati button Reddit button Myspace button Linkedin button Webonews button Delicious button Digg button Flickr button Stumbleupon button Newsvine button Youtube button