# ဖေဖေါ်ဝါရီလအတွက် (၇)နေ့ ဗေဒင်
ယခုဟောစာတမ်းများဟာ ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ အတွက် ဖြစ်ပါတယ်။ ဒီလထဲမှာ ထူးခြားတာက ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက အညံ့ဆုံး ပြခဲ့တဲ့ “ကြာသပတေးသားသမီး” များဟာ ယခုလမှာ “အကောင်းဆုံး” နံပါတ်တစ် မှာ ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လ, မှာလည်း “သက္ခတ်” ကောင်းများမှာ ရောက်နေတဲ့ ကြာသပတေး သားသမီးများ ကတော့ ဆိုးအား သိပ်မရှိလှပါဘူး။ သက္ခတ် ညံ့ထဲရောက်နေသူ (အချို့) တော့ ၀မ်းနည်း ကြေကွဲ ဘွယ်ရာ တွေ ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။
နောက်ဆုံးတော့ အရေးကြီးဆုံးက ကိုယ်လက်ရှိရောက်နေတဲ့ “သက္ခတ်” ဘဲဖြစ်ပါတယ်။ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်များထဲ ရောက်နေသူများ လစဉ် ဟောကိန်းတွေမှာ အညံ့ပြရင် ဂရုပြုပါ။ ဒီ သက္ခတ်များအတွင်း မရှိရင်တော့ အညံ့ပြပေမယ့် သိပ်စိုးရိမ်စရာ မရှိပါ။
.
နောက်တစ်ခု မှားယွင်းတာကတော့ ဇန်န၀ါရီလမှာ (၇)ရက် သားသမီးများ ကောင်းအား/ဆိုးအား သိပ်မပြင်းထန်လောက်ဘူး လို့ ခန့်မှန်းထားပေမယ့် “ဟေတီငလျှင်ကြီး” လှုပ်ခတ်လိုက်တာကြောင့် ကမ္ဘာ့လူသား နှစ်သိန်း လောက် သေကြေ ပျက်စီး သွားရတာမို့ ဒီခန့်မှန်းချက်ကတော့ လွဲမှားသွား ပါတယ်။ ဒါကြောင့် “ဗေဒင်ဆိုတာ မှားတတ်တာမျိုးဘဲ” လို့ ခံယူကြပြီး မကောင်းဘူး အဟောထွက်တဲ့ နေ့သားသမီးများလည်း သိပ်ကြီး စိတ် အနှောင့်အယှက် မဖြစ်ကြပါနဲ့။ ကမ္ဘာ့လူဦးရေ သန်းပေါင်း (၆၀၀၀)ကျော် ကို အမျိုးအစား (၈)ခုထဲခွဲပြီး အကောင်း/အဆိုး ဟောထားတာဖြစ်လို့ လူတိုင်းအတွက် မမှန်နိုင်ပါဘူး။ အပျော်ဖတ်လို့ဘဲ သဘောထားပါ။
.
ယခုလ(ဖေဖေါ်ဝါရီလ) ၇ ရက်သားသမီး ကံဇာတာ အကျဉ်းချုပ်
= ကြာသပတေးသားသမီး (အလွန်ပင် ကောင်း)
= ရာဟု သားသမီး (အလွန်ကောင်း)
= တနင်္ဂနွေ ၊ ဗုဒ္ဓဟူး သားသမီး (ကောင်း)
= အင်္ဂါ ၊ စနေ သားသမီး (အကောင်း/အညံ့ ရောထွေး)
= တနင်္လာ သားသမီး (အလွန် ညံ့)
= သောကြာ သားသမီး (အလွန်ပင် ညံ့) ဆိုပြီးတော့ တွေ့ရပါတယ်။
.
နောက်ပြီး နာမည် တွဲလုံးအရ ကောင်းကျိုး/ဆိုးကျိုး အထူးပြုနိုင်တဲ့ နာမည်အတွဲတွေကတော့ -
ဝင်ရောက်ဖတ်ရှုသူပေါင်း=178Date: January 31, 2010